Skip to main content

အရေပြားအရောင်ဖျော့ခြင်း

အရေပြားဖြူခြင်း


Hypopigmentation လို့ခေါ်သော အရေပြား အရောင်ဖျော့ခြင်းအကြောင်းကို ပြောပြသွားမှဖြစ်ပါတယ်။

အရေပြားအရောင်ဖျော့ခြင်းဆိုတာကတော့ အရေပြားအတွင်းရှိ Melation လို့ခေါ်သော ရောင်ခြယ်ဆဲလ်များ က ပုံမှန်အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်ပွားသောရောဂါတစ်ခုဖြစ်ပါတယ်။
သင်၏ပုံမှန်အသားအရောင်မှ သွေဖီကာ အရောင်ဖျော့တော့သော အကွက်ကလေးများ အကွက်များနှင့် အရောင်ပြောင်းလာသော အရေပြားဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပါသည်။ သင်၏ အရေပြားရှိ ရောင်ခြယ် Melatonin အလုံအလောက်မရှိသော အလုပ်မလုပ်သောအခါ အရောင်ဖျော့အကွက်များမှသည် တစ်ကိုယ်လုံး ဖြူဖျော့လာသည်အထိ ဖြစ်ပွားနိုင်ပါသည်။

မျိုးရိုးဗီဇ နှင့် ပတ်ဝန်းကျင်အခြေအနေများကြောင့် ရောင်ခြယ်ဆဲလ်ပျက်စီးမှုကို ဖြစ်ပေးစေနိုင်ပါသည်။
များစွာသောအကြောင်းအရင်းများက အရေပြားရောင်ခြယ်ကို ထိခိုက်စေနိုင်သည်။
ဥပမာ မီးလောင်ခံရသောအခါ၊ စားလောင်စေတတ်သော အရည်များ အက်ဆစ်နှင့် အခြားသော ဓါတုဒြပ်ပေါင်းများကြောင့်လဲ ဖြစ်စေနိုင်ပါသည်။

အဖြစ်များသော အရေပြားဖျော့ ရောဂါများမှာ
Albinism (အယ်ဘီးနိုး)ခေါ် တစ်ကိုယ်လုံးဖြူသော အရောင်ဖျော့ရောဂါ

လူသိအများဆုံးသော အရေပြားရောဂါတစ်ခုဖြစ်သော အယ်ဘီးနိုး ဟုခေါ်သည့်ရောဂါဖြစ်သည်။

တစ်ကိုယ်လုံး စွတ်စွတ်ဖြူကာ အရေပြားသာမက ဆံပင်မှအစ မွေးညှင်းများပါ ဖြူနေတတ်သည်။ မြန်မာနိုင်ငံတွင် အဆိုတော် ဘိုဖြူသည် ထိုသို့သော ရောဂါခံစားနေရသူဖြစ်သည်။

အရေပြားရောင်ခြယ်ဆဲလ်းများ သည် မျိုးရိုးဗီဇကြောင့် ပျက်စီးကာဖြစ်ပွားသော ရောဂါဖြစ်သည်။
မျက်လုံးအရောင်များသည်လဲ ပုံမှန်မဟုတ်ပဲ ရောင်ခြယ်ဖျော့ကာ ပြာနေခြင်း ဖြစ်နေတတ်သည်။
ထိုရောဂါမှာ မွေးရာပါ ရောဂါဖြစ်သည်။


Vitiligo ခေါ် သမင်ဖြူ

Comments